Info Myanmar University

Categories:

  • Day Trip Announcement

သို့

           လူကြီးမင်း ခင်ဗျား…..

အကြောင်းအရာ။     ။ Day Trip (ဒေသန္တရ ဗဟုသုတ ခရီးစဉ်)

               အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့၏ သား/သမီးသည် Info Myanmar University (Batch-75SW, 75NW, 76SW, 76NW, 78&79SW, 78&79NW) တွင် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများဖြစ်ပါသည်။

              ယခုလာမည့် 2023 March (17) (သောကြာနေ့)တွင် Day Trip ခရီးစဉ်ကို စီစဉ်ထားရှိပါသည်။

သွားရောက်မည့်နေရာမှာ-

၁။          လှော်ကားဥယျာဉ်ဖြစ်ပါသည်။

  Info Myanmar University မှ ခရီးစဉ်ကို စီစဉ်ရသည့် ရည်ရွယ်ချက်မှာ ကျောင်းသား/သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ် (Unity), စည်းကမ်းရှိစွာ (Discipline) ဖြင့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။

             ခရီးစဉ်တစ်လျှောက် ပျော်ရွှင်မှုသာမက အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု (Cooperation)၊ ဒေသန္တရ ဗဟုသုတရရှိနိုင်မှုနှင့် စည်းကမ်းရှိမှု (ဥပမာ-အချိန်လေးစားမှု၊ စည်းကမ်းဘောင်အတွင်း နေထိုင်တတ်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်) ကိုပါ ရရှိစေရန် ရည်ရွယ်ပါသည်၊၊

              ထို့အပြင် IMU မှ တာဝန်ရှိသူ ဆရာ/မများ ကိုယ်တိုင် လိုက်ပါမည်ဖြစ်ပါသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ခရီးစဉ်ကို ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊၊

စတင်ထွက်ခွာမည့်နေ့ – 2023 March (17) သောကြာနေ့
စတင်ထွက်ခွာမည့်အချိန်- နံနက် (၇)နာရီခွဲ (နံနက် ၇ နာရီ ကျောင်းသို့အရောက်လာပါရန်)
စုရပ် – Info Myanmar University

 မှတ်ချက် – ယခုခရီးစဉ်အတွင်း ကျောင်းသား/သူများအတွက် ဝင်ကြေး၊ ကားခ၊ မနက်စာ နေ့လည်စာတို့အတွက် ကျောင်းသား /သူများမှ (၂၅၀၀၀) ကျပ်ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ ကျောင်းသား/သူများအားလုံး 2023 March (15) ဗုဒ္ဓဟူးနေ့တွင် ငွေစာရင်းဌာနသို့ နောက်ဆုံးထား ပေးသွင်းကြပါရန်၊၊


Leave a Reply

Your email address will not be published. Required fields are marked *