Day Trip Announcement
သို့
လူကြီးမင်း ခင်ဗျား…..
အကြောင်းအရာ။ ။ Day Trip (ဒေသန္တရ ဗဟုသုတ ခရီးစဉ်)
အထက်အကြောင်းအရာပါကိစ္စနှင့် ပတ်သက်၍ လူကြီးမင်းတို့၏ သား/သမီးသည် Info Myanmar University (Batch-68&69SW, 68&69NW, 70SW, 70NW, 72&Uni Batch-1SW, 72&Uni Batch-1NW, 73&74SW, 77&77ASW, 77&77ANW) တွင် တက်ရောက်လျက်ရှိသော ကျောင်းသား/သူများဖြစ်ပါသည်။
ယခုလာမည့် 2023 March (03) (သောကြာနေ့)တွင် Day Trip ခရီးစဉ်ကို စီစဉ်ထားရှိပါသည်။
သွားရောက်မည့်နေရာမှာ-
၁။ လှော်ကားဥယျာဉ်ဖြစ်ပါသည်။
Info Myanmar University မှ ခရီးစဉ်ကို စီစဉ်ရသည့် ရည်ရွယ်ချက်မှာ ကျောင်းသား/သူများ အနေဖြင့် တစ်ဦးနှင့်တစ်ဦး ညီညီညွတ်ညွတ် (Unity), စည်းကမ်းရှိစွာ (Discipline) ဖြင့် ပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ဖြစ်ပါသည်။
ခရီးစဉ်တစ်လျှောက် ပျော်ရွှင်မှုသာမက အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု (Cooperation)၊ ဒေသန္တရ ဗဟုသုတရရှိနိုင်မှုနှင့် စည်းကမ်းရှိမှု (ဥပမာ-အချိန်လေးစားမှု၊ စည်းကမ်းဘောင်အတွင်း နေထိုင်တတ်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်) ကိုပါ ရရှိစေရန် ရည်ရွယ်ပါသည်၊၊
ထို့အပြင် IMU မှ တာဝန်ရှိသူ ဆရာ/မများ ကိုယ်တိုင် လိုက်ပါမည်ဖြစ်ပါသောကြောင့် ယုံကြည်စိတ်ချစွာဖြင့် ခရီးစဉ်ကို ပူးပေါင်းပါဝင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်၊၊
စတင်ထွက်ခွာမည့်နေ့ – 2023 March (03) သောကြာနေ့
စတင်ထွက်ခွာမည့်အချိန်- နံနက် (၇)နာရီခွဲ (နံနက် ၇ နာရီ ကျောင်းသို့အရောက်လာပါရန်)
စုရပ် – Info Myanmar University
မှတ်ချက် – ယခုခရီးစဉ်အတွင်း ကျောင်းသား/သူများအတွက် ဝင်ကြေး၊ ကားခ၊ မနက်စာ နေ့လည်စာတို့အတွက် ကျောင်းသား /သူများမှ (၂၅၀၀၀) ကျပ်ပေးဆောင်ရမည်ဖြစ်ပါသည်၊၊ ကျောင်းသား/သူများအားလုံး 2023 March (01) ဗုဒ္ဓဟူးနေ့တွင် ငွေစာရင်းဌာနသို့ နောက်ဆုံးထား ပေးသွင်းကြပါရန်၊၊